တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းးခရိုင်၊ သစ်တောဦးစီးဌာနမှ ကော့သောင်းမြို့၊ ရွေဇင်ယော်ရပ်ကွက်အ.လ.က(၃) စာသင်ကျောင်းတွင် “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”အားခရိုင်အဆင့်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းးခရိုင်၊ သစ်တောဦးစီးဌာနမှ (၁၂.၁၁.၂၀၂၅) ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်၌ ကော့သောင်းမြို့၊ ရွေဇင်ယော်ရပ်ကွက်အ.လ.က(၃) စာသင်ကျောင်းတွင် “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ”အား ခရိုင်အဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်၊၊ အဆိုပါ ဟောပြောပွဲတွင် ကော့သောင်းခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးထိုက်လွင်ဦးမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့ဖြစ်ပေါ်လာသည့် အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့အမျိုး အစားများ၊မီးခိုးမြူငွေ့၏ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊တောမီးအန္တရာယ်နှင့်ကြိုတင်ကာကွယ် နိုင်ရေးနည်းလမ်းများ၊ Fire Hotspot များ နှင့် သစ်တောများထိန်းသိမ်းခြင်းဖြင့် သဘာဝဘေး အန္တရာယ်များ လျှော့ချနိုင်မှုနှင့် ကြိုတင်ကာကွယ်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် သစ်ပင်စိုက်ပျိုး၊ ပြုစုခြင်း နည်းစနစ်များအား ဟောပြောခဲ့ပြီး အ.လ.က စာသင်ကျောင်းမှ ဆရာ /ဆရာမ (၄)ဦး၊ ကျောင်းသား/ကျောင်းသူ (၁၀၅) ဦး၊ သစ်တောဝန်ထမ်း(၅)ဦး၊ စုစုပေါင်းတက်ရောက်သူ ကျား (၆၀)ဦး၊ မ (၅၄)ဦးဖြင့် စုစုပေါင်း (၁၁၄)ဦး တက်ရောက်ခဲ့ပြီး သိရှိလိုသည်များအားပြန်လည်ဖြေကြားခြင်း ၊ဟောပြောပွဲတွင်တက်ရောက်လာသူများအားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Thursday, November 13, 2025 - 10:00