ချင်းပြည်နယ်၊ ဟားခါးမြို့၊ အထက (၄)၊ ကျောင်းခန်းမတွင် သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး နှင့် မီးခိုးမြူငွေ့လျှော့ချရေး ဆိုင်ရာအသိပညာပေးဟောပြောပွဲ"အားကျင်းပ

(၁၂.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်၌ ချင်းပြည်နယ်၊ ဟားခါးမြို့၊ အထက (၄)၊ ကျောင်းခန်းမတွင် သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး နှင့် မီးခိုးမြူငွေ့လျှော့ချရေး ဆိုင်ရာအသိပညာပေးဟောပြောပွဲ"အား မြို့နယ်အဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်၊၊ အဆိုပါ ဟောပြောပွဲတွင် ကျောင်းသား/ကျောင်းသူ (၈၉)ဦး၊ ဆရာ/ဆရာမ (၉)ဦး၊ သစ်တောဝန်ထမ်း (၅) ဦး စုစုပေါင်း (၁၀၃) ဦး တက်ရောက်ခဲ့ပြီး တောအုပ် ဦးဇန်ရှင်းခိုင်နှင့် တောအုပ် ဦးမောင်ကြီး တို့မှ မီးခိုး/မြူငွေ့ဖြစ်ပေါ်လာသည့် အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊ မီးခိုးမြူငွေ့၏ ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ တောမီးအန္တရာယ်နှင့်ကြိုတင်ကာကွယ် နိုင်ရေးနည်းလမ်းများနှင့် သစ်တောများကာကွယ်ထိန်းသိမ်း‌ရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေး အန္တရာယ်များ လျှော့ချနိုင်ရေး ကြိုတင်ကာကွယ်ခြင်း၊ သစ်ပင်စိုက်ပျိုး၊ ပြုစုထိန်းသိမ်းခြင်း နည်းစနစ်များအား ဟောပြောခဲ့ပြီး ဟောပြောပွဲတက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Thursday, November 13, 2025 - 10:00