ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ အမှတ် ၁ ရပ်ကွက် ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး နှင့် မီးခိုးမြူငွေ့လျှော့ချရေး ဆိုင်ရာအသိပညာပေးဟောပြောပွဲ"အား ခရိုင်အဆင့်ကျင်းပ
(၁.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်၌ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ အမှတ် ၁ ရပ်ကွက် ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး နှင့် မီးခိုးမြူငွေ့လျှော့ချရေး ဆိုင်ရာအသိပညာပေးဟောပြောပွဲ"အား ခရိုင်အဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်၊၊ အဆိုပါ ဟော ပြောပွဲတွင် သစ်တောဝန်ထမ်း ၈ ဦး၊ ပြည်သူ ၃၇ ဦး စုစုပေါင်း ၄၅ ဦးတို့တက်ရောက်ခဲ့ပြီး ဦးစီးအရာရှိ ဦးဇော်မင်းထွန်း မှ မီးခိုး/မြူငွေ့ဖြစ်ပေါ်လာသည့် အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊မီးခိုးမြူငွေ့၏ ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊တောမီးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် သစ်တောများကာကွယ်ထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေး အန္တရာယ်များ လျှော့ချနိုင်ရေး ကြိုတင်ကာကွယ်ခြင်း၊ သစ်ပင်စိုက်ပျိုး၊ ပြုစုထိန်းသိမ်းခြင်း နည်းစနစ်များအား ဟောပြောခဲ့ပြီး ဟောပြောပွဲတက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။


