ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ သစ်တောဦးစီးဌာန က ကြီးမှူး၍ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ သစ်တောဦးစီးဌာန က ကြီးမှူး၍ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကို နိုဝင်ဘာလ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဟိုပုံးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ စုဝေးခန်းမအတွင်း၌ ကျင်းပပြု လုပ်ရာ သစ်တောဦးစီးဌာန မှ ဝန်ထမ်း(၇)ဦး၊ ဆရာ(၁)ဦး၊ ဆရာမ(၆) ဦး၊ ကျောင်းသား(၁၀၀) ဦး၊ ကျောင်းသူ(၁၀၀)ဦး၊ { ကျား(၁၀၈)ဦး၊ မ(၁၀၆)ဦး } ၊ စုစုပေါင်း( ၂၁၄)ဦး တက်ရောက်ခဲ့ပါသည်။ ဟောပြောပွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီး-ဦးလေးလွင် မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဟိုပုံးမြို့နယ်၊ သစ်တောဦးစီးဌာန မှ ဦးစီးအရာရှိ-ဦးဇော်လှိုင်ဆွေ က ရာသီဥတု ပြောင်းလဲမှုနှင့် သစ်တော၊ သစ်ပင်များ၏ အခန်းကဏ္ဍ၊ စားရေရိက္ခာဖူလုံဖို့ သစ်တောများကို ထိန်းသိမ်းစို့ဆောင်းပါးပါ အကြောင်းအရာများ၊ Fire Hotspots နှင့် မီးခိုးမြူငွေ့များတားဆီး ကာကွယ်ရေးဆောင်းပါးပါ အကြောင်းအရာ များကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဦးစီးအရာရှိ-ဦးကျော်မင်းဦး မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းအရာများကို လည်းကောင်း ပညာပေးပြောကြား ခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသူ/ကျောင်းသားများမှ သိရှိလိုသည်များ မေးမြန်းခဲ့မှုအပေါ် ဦးစီးအရာရှိ-ဦးဇော်လှိုင်ဆွေ မှ ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း၊ သင်/ထောက်/ကူ အလှူငွေပေးအပ်လှူဒါန်းခဲ့ခြင်းနှင့် အခမ်းအနားကို (၁၁:၅၀)နာရီတွင် ပြီးစီးခဲ့ပါကြောင်း သတင်းရရှိသည်။




