မုံရွာ-ယင်းမာပင်ခရိုင် သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောပွဲကျင်းပ

မုံရွာ-ယင်းမာပင်ခရိုင် သစ်တောဦးစီးဌာနမှ (၁၂-၁၁-၂၀၂၅)ရက်နေ့ (၀၉:၃၀)နာရီတွင်၊ မုံရွာမြို့ အ.ထ.က (၂) အလုံကျောင်း၌ "သစ်တောပြုစုထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး" အသိပညာပေးဟောပြောပွဲ ကျင်းပရာ မုံရွာ-ယင်းမာပင်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်-၅ က " သစ်တောပြုစုထိန်းသိမ်းရေး"ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မုံရွာ-ယင်းမာပင်ခရိုင် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးခင်မောင်စိုးက "တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း power point များဖြင့် ရှင်းလင်းဆွေးနွေးဟောပြော ခဲ့ပါသည်။ တက်ရောက်လာသော ကျောင်းသား/သူများမှ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပြီး၊ မေးခွန်းမေးမြန်းသည့် ကျောင်းသား/သူ များအား ဗလာစာအုပ်၊ ဘောပင် တို့အား ဂုဏ်ပြုပေးအပ်ခြင်း၊ တက်ရောက်လာသည့် ကျောင်းသား/သူများအား ဗလာစာအုပ်၊ ဘောပင် တို့အား အမှတ်တရ ပေးအပ်ခဲ့ပါကြောင်းနှင့် သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ်မှ လစဉ်ထုတ်ဝေသော သစ်တောကြေးမုံ စာအုပ်များအား အ.ထ.က(၂) အလုံကျောင်းစာကြည့်တိုက်သို့ ပေးအပ်လှုဒါန်းခဲ့ပါကြောင်း၊ ဟောပြောပွဲသို့ အ.ထ.က(၂) အလုံ ဆရာ/ဆရာမများ၊ ကျောင်းသူကျောင်းသားများ စုစုပေါင်း(၂၂၂)ဦး (ကျား - ၁၀၄ ဦး၊ မ - ၁၁၈ ဦး) တက်ရောက်ခဲ့ကြပါကြောင်းသတင်းရရှိသည်။

date: 
Thursday, November 13, 2025 - 10:15