စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်သစ်တောဦးစီးဌာနမှ (၁၁-၁၁-၂၀၂၅)ရက်နေ့ (၁၀း၀၀)နာရီတွင်၊ ကလေးမြို့ အ.ထ.က(၁) စာသင်ကျောင်း ခန်းမ၌ "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး" အသိပညာပေးဟောပြောပွဲ ကျင်းပရာ ကလေးခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဝင်း-၁ က "တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကလေးမြို့နယ် ဦးစီးအရာရှိ ဦးယဉ်မင်းထိုက်က " သစ်တောထိန်းသိမ်းရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း power point များဖြင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။ တက်ရောက်လာသော ကျောင်းသား/သူများမှ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပြီး၊ မေးခွန်းမေးမြန်းသည့် ကျောင်းသား/သူ များအား ဗလာစာအုပ်၊ဘောပင် တို့အား ဂုဏ်ပြုပေးအပ်ခြင်း၊ တက်ရောက်လာသည့် ကျောင်းသား/သူများအား လက်ကမ်းစာစောင်များ ပေးအပ်ခဲဲ့ပါကြောင်းနှင့် သစ်တောဦးစီးဌာန၊ဦးစီးရုံးချုပ်မှ လစဥ်ထုတ်ဝေသော သစ်တောကြေးမုံ စာအုပ်များအား အ.ထ.က( ၁) ကျောင်းစာကြည့်တိုက်သို့ ပေးအပ်လှုဒါန်းခဲ့ပါကြောင်း၊ ဟောပြောပွဲသို့ အ.ထ.က( ၁) ကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသူကျောင်းသားများ စုစုပေါင်း(၁၁၀)ဦး (ကျား - ၅၀ ဦး၊ မ - ၆၀ ဦး) တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိသည်။




