လင်းခေးခရိုင်၊ သစ်တောဦးစီးဌာန၊ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ(ခရိုင်အဆင့်) ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေးခရိုင် ၊သစ်တောဦးစီးဌာနမှကြီးမှူး၍ (၁၃-၁၁-၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်လင်းေခးမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တောင်ရွာခန်းမတွင် "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ " ကျင်းပပြုလုပ်ခဲ့ရာ လင်းခေးမြို့နယ်၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးစိုးမင်းထက်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါကြောင်း၊ခရိုင်သစ်ေတာဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဇော်မှ" မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ" သိကောင်းစရာများကိုဟောပြောပို့ချခဲ့ပါကြောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်မျိုးနိုင်မှ"သစ်တောထိန်းသိမ်းရေးနှင့်ရာသီဥတုပြောင်းလဲမှုတွင်သစ်တောသစ်ပင်များ၏အရေးပါပုံ"များအား ရှင်းလင်းဟောပြောခဲ့ပါေကြာင်း၊ လင်းခေးမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးရဲလင်းထွေးမှ တောမီးနှင့်ပတ်သက်သည့်အကြောင်းအရာများအားလည်းကောင်းအသိပညာပေးဟောပြောခဲ့ပါကြောင်းနှင့်တက်ရောက်လာသူဆရာ/ဆရာမနှင့်ကျောင်းသား/သူများက သိလိုသည်များကိုမေးမြန်းခဲ့ရာ မြို့နယ်ဦးစီးဌာနမှူးမှ ပြန်လည်ဖြေကြားခဲ့ပြီး၊ကျောင်းအုပ်ဆရာကြီးသို့ သစ်တောကြေးမုံစာအုပ်(၂၀)အုပ်၊ ပျိုးပင်များနှင့်မီးခိုးမြူငွေ့လျော့ချရေးအသိပညာပေးလက်ကမ်းစာစောင်များအားတက်ရောက်လာသူများသို့ဖြန့်ဝေပေးအပ်ခဲ့ရာနံနက်(၁ဝး၉၀) နာရီချိန်တွင် ပြီးစီးခဲ့ပါသည်။ ဟောပြောပွဲသို့ ဌာနဆိုင်ရာ (၅)ဦး၊သစ်တောဦးစီးဌာနမှ (၇)ဦး၊
ဆရာ/ဆရာမ(၁၅)ဦး၊ကျောင်းသား/သူ(၁၂၀)ဦး စုစုပေါင်း (၁၄၇) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။




