တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ (တိုင်းဒေသကြီးအဆင့်)ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ တိုင်းဒေသကြီးအဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၁၃-၁၁-၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီ၌ မြင်းမိုရ်ကိုယ်ပိုင်အထက်တန်းကျောင်း၊ မြိတ်မြို့တွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ (၁၃)ဦး၊ ကျောင်းသား/ကျောင်းသူများ (၄၀၅)ဦးနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ(၁၅)ဦး၊ဒေသခံလုပ်ငန်းရှင်(၃၅)ဦး၊သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ (၂၁)ဦး၊ စုစုပေါင်း (၄၈၉)ဦးတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး၊သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူး ဦးဝင်းနိုင်-၄မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြိတ်ခရိုင်၊သစ်တောဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးဇော်လင်းမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင်တက်ရောက်လာသူများအား မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊မီးခိုးမြူငွေ့လျှော့ချခြင်းဆိုင်ရာ Video Clipပြသခြင်း၊သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ မြင်းမိုရ်ကိုယ်ပိုင်အထက်တန်းကျောင်း၊ကျောင်းစာကြည့်တိုက်အတွက် သစ်တောကြေးမုံစာအုပ်များပေးအပ်လှူဒါန်းခဲ့ပါကြောင်းသတင်းရရှိသည်။







