မူဆယ်မြို့၊ အ.ထ.က(၂) တွင်"သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုမြူငွေ့လျှောချရေး အသိပညာပေးဟောပြောပွဲ(ခရိုင်အဆင့်)" အားကျင်းပ
(၁၃-၁၁-၂၀၂၅)ရက်နေ့ (၁၀၃၀)နာရီအချိန်တွင် "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုမြူငွေ့လျှောချရေး အသိပညာပေးဟောပြောပွဲ(ခရိုင်အဆင့်)" အား မူဆယ်မြို့၊ အ.ထ.က(၂) တွင်ဆောင်ရွက်ရာ ဦးမိုးဟိန်း(လက်ထောက်ညွှန်ကြားရေးမှူး)၊ ခရိုင်သစ်တောဦးစီးဌာနမှူးရုံး၊ မူဆယ်ခရိုင်မှ သစ်တောထိန်းသိမ်းရေးဆိုင်ရာနှင့် မီးခိုးမြူငွေလျှော့ချရေးလုပ်ငန်းများကိုလည်းကောင်း၊ ဦးဆန်းဦး(လက်ထောက်ညွှန်ကြားရေးမှူး)၊ ခရိုင်စိုက်ပျိုးရေးဦးစီဌာနမှ အီးအမ်ဘိုကာချီပြုလုပ်သုံးစွဲခြင်းအကြောင်းအရာအားလည်းကောင်း၊ ဦးမိုးအောင်(လက်ထောက်ညွှန်ကြားရေးမှူး)၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသစိမ့်စမ်းရေသွယ်ခြင်းနှင့် သဘာဝရေးထွက်တောများထိန်းသိမ်းခြင်းအကြောင်းအရာအားလည်းကောင်း၊ ဦးလွမ်းမိုးအောင်(ဦးစီးအရာရှိ)၊ ခရိုင်မီးသတ်ဦးစီးဌာနမှ တောမီးကာကွယ်ခြင်းအကြောင်းအရာအားလည်းကောင်း ဟောပြောဆောင်ရွက်ခဲ့ပြီး ၁၁၅၀ နာရီအချိန်တွင်ပြီးစီးပါသည်။ ဟောပြောပွဲသို့ ကျောင်းသား ၇၂ ဥိး ၊ ကျောင်းသူ ၆၄ ဦး၊ ဌာနဆိုင်ရာဝန်ထမ်းများ/ကျောင်ဆရာ/ဆရာမများ ကျား၂၀ ဦး၊ မ ၁၀ ဦး၊ စုစုပေါင်း ကျား ၉၂ ဦး၊ မ ၇၄၊ ကျား/မပေါင်း ၁၆၆ ဦး တက်ရောက်ပါသည်။ သတင်းပါရှိရေး ခရိုင်ပြန်/ဆက်ဖြင့်ဆက်သွယ်ဆောင်ရွက်ထားရှိပါကြောင်းသတင်းရရှိသည်။
