တောင်ငူခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

တောင်ငူခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ ခရိုင်အဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၁၅-၁၁-၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီ၌ တောင်ငူမြို့နယ် သစ်တောဦးစီးဌာန၊ ကံရိုးပျိုးဥယျာဥ်တွင် ကျင်းပဆောင်ရွက်ခဲ့ရာ တောင်ငူမြို့နယ်၊ ကံရိုးကျေးရွာမှ ဒေသခံပြည်သူ ကျား (၅၅)ဦး၊ မ(၃၃)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ (၁၀)ဦး၊ စုစုပေါင်း (၉၈)ဦးတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် တောင်ငူ ခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးမြင့်ဝင်းသူမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်း. နှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Monday, November 17, 2025 - 10:30