၁၀-၁၁-၂၀၂၅ ရက်နေ့မှ ၁၆-၁၁-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁.၈၈၆၆)တန်၊ သစ်မာ (၀.၁၄၃၆)တန်၊ အခြား (၁၂၂.၇၅၄၆)တန်၊ စုစုပေါင်း (၁၂၄.၇၈၄၈)တန်၊ ယာဉ်/ယန္တရား (၁)စီး၊ တရားခံ (၁၁) ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၀-၁၁-၂၀၂၅ ရက်နေ့တွင် တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကံမော်(၁)ဘိနယ်၊ သံချောင်းကျေးရွာ အုပ်စု၊ ဝဲကျွန်းကျေးရွာအတွင်းမှ တရားမဝင် ကဒွတ်/ ဇင်းစွယ်/ ပင်လယ်ပြင်/ တောင်လန်းဖဲ ခွဲသား (၇၆၀)ချောင်း (၆၃.၄၅၀၈)တန်၊ တရားခံ (၄)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date: 
Tuesday, November 25, 2025 - 10:15