၁၇-၁၁-၂၀၂၅ ရက်နေ့မှ ၂၃-၁၁-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၄.၁၁၉၂)တန်၊ သစ်မာ (၆.၅၅၉၂)တန်၊ အခြား (၃၇.၇၉၇၄)တန်၊ စုစုပေါင်း (၅၈.၄၇၅၈)တန်၊ ယာဉ်/ယန္တရား (၈)စီး၊ တရားခံ (၁၄)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၇-၁၁-၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံး မြို့နယ်၊ ဖာလဲဘိနယ်၊ မိုင်းပျဉ်းတိုက်နယ်၊ ဟတ်ခဲကျေးရွာအရှေ့မြောက်ဘက် (၁၊ ၂) မိုင်ခန့်အကွာနေရာတို့မှ တရားမဝင် အင်ခွဲသားဆိုဒ်စုံ (၇၂၂)ချောင်း (၂၀.၂၄၀၀)တန် ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

date: 
Wednesday, November 26, 2025 - 15:30