သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ သစ်​တောဦးစီးဌာန၊ ခရိုင်သစ်​တောအရာရှိများ စွမ်းဆောင်ရည်မြှင့်တင်​ရေးသင်တန်း အမှတ်စဥ် (၁၁)ဖွင့်ပွဲအခမ်းအနား တက်​ရောက်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူသည် (၁-၁၂-၂၀၂၅)ရက်နေ့၊ နံနက်တွင် ​ရေဆင်း၊ သစ်​တောသု​တေသနဌာန၊ စု​ဝေးခန်းမ၌ ကျင်း​ပသော သစ်​တောဦးစီးဌာန၊ ခရိုင်သစ်​တောအရာရှိများ စွမ်းဆောင်ရည်မြှင့်တင်​ရေးသင်တန်း အမှတ်စဥ် (၁၁) ဖွင့်ပွဲ အခမ်းအနားတက်​ရောက်၍ အဖွင့်အမှာစကား​ပြောကြားသည်။ အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်ဝန် ဦးလှ​မောင်သိန်း၊ ဦးစီးဌာန/လုပ်ငန်းတို့မှ ဌာနအကြီးအမှူးများ၊ သစ်​တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ပါ​မောက္ခချုပ်၊ သစ်​တောဦးစီးဌာန ဒုတိယညွှန်ကြား​ရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ သင်တန်းဆရာများနှင့် သင်တန်းသားများတက်​ရောက်ကြသည်။ ဒုတိယဝန်ကြီးမှ သင်တန်းဖွင့်အမှာစကား​ပြောကြားပြီးနောက် အခမ်းအနားအပြီးတွင်သင်တန်းသားများနှင့် အမှတ်တရမှတ်တမ်းဓါတ်ပုံခဲ့သည်။ ယ​နေ့ ဖွင့်လှစ်​သော ခရိုင်သစ်​တောအရာရှိများ စွမ်းဆောင်ရည်မြှင့်တင်​ရေးသင်တန်း အမှတ်စဥ် (၁၁) တွင် သစ်​တောဦးစီးဌာနမှ လက်​ထောက်ညွှန်ကြား​ရေးမှူးအဆင့် သင်တန်းသား( ၂၁ ) ဦးတက်​ရောက်ပြီး (၁-၁၂-၂၀၂၅) ရက်မှ (၁၂ -၁၂- ၂၀၂၅) ရက်ထိ ရက်သတ္တ နှစ်ပတ်ကြာ စာ​တွေ့လက်​တွေ့ ပို့ချသင်ကြားမည်ဖြစ်​ကြောင်းသိရသည်။

date: 
Wednesday, December 3, 2025 - 11:45