၂၄-၁၁-၂၀၂၅ ရက်နေ့မှ ၃၀-၁၁-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃.၉၄၄၄)တန်၊ သစ်မာ (၃.၉၈၆၆)တန်၊ အခြား (၃.၂၅၃၄)တန်၊ စုစုပေါင်း (၁၁.၁၈၄၄)တန်၊ ယာဉ်/ယန္တရား (၄)စီး၊ တရားခံ (၁၅)ဦး ဖမ်းဆီးရမိခဲ့ပါ။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၄-၁၁-၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ မြို့မ (၂)ဘိနယ် (ဒေသအခေါ်) ဘုန်းရွာ မြောက်ဘက်နှင့် ဘုန်းရွာအလယ်ပိုင်းနေရာတို့မှ တရားမဝင် ကျွန်းခွဲသားဆိုဒ်စုံ (၄၅) ချောင်း (၂.၉၄၂၂)တန်၊ ယာဉ် (၁)စီး ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

date:
Thursday, December 4, 2025 - 15:45
