AFoCO RETC သင်တန်းကျောင်း၏ ၂၀၂၅ ခုနှစ်၊ ဒေသခံလူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်မှ ကြိမ်လက်မှုပစ္စည်းထုတ်ကုန်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်း သင်တန်းကျောင်းသည် AFoCO အဖွဲ့ဝင်နိုင်ငံများမှ သင်တန်းသားများ ဖိတ် ကြား၍ ကာလတိုပုံမှန်သင်တန်း၊ မျိုးဆက်သစ် လူငယ်များအား သစ်တောနှင့် ပတ်ဝန်းကျင် ထိန်း သိမ်းရေးဆိုင်ရာ အသိပညာမျှဝေသည့် အစီအစဉ်များ၊ သင်တန်းကျောင်းဝန်ထမ်းများ၏ စွမ်း ဆောင်ရည်မြှင့်တင်သည့် သင်တန်းအစီအစဉ်များကိုလည်း နှစ်စဉ်ဆောင်ရွက် ကျင်းပလျက် ရှိသည့် အပြင် ဒေသခံ ပြည်သူများအတွက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး သင်တန်းအစီအစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
၂။ ၂၀၂၅ ခုနှစ်၊ သင်တန်းအစီအစဉ်များအရ ဒေသခံ ပြည်သူများအတွက် စီစဉ်ဖွင့်လှစ်သည့် ‘ကြိမ်လက်မှုပစ္စည်းထုတ်ကုန်သင်တန်း’ ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး၊ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ နံနက် ၀၉:၀၀ နာရီ၌ AFoCO RETC သင်တန်းကျောင်း၊ မှော်ဘီမြို့၌ ကျင်းပခဲ့ရာ AFoCO Secretariat မှ Mr. Kim Tongil, Director၊ Mr. Kim Kiwon, Program Officer တို့က Virtual စနစ်ဖြင့် လည်းကောင်း၊ သစ်တောဦးစီးဌာန၊ ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေး ဌာနမှ အရာထမ်းများ၊ AFoCO RETC သင်တန်းကျောင်းမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့် သင်တန်းကျောင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မှော်ဘီမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် မြန်မာနိုင်ငံကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူ များ၊ သင်တန်း ဆရာ/ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းသား/သူများ စုစုပေါင်း(၄၅) ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
၃။ သင်တန်းဖွင့်ပွဲအခမ်းအနား၌ သစ်တောဦးစီးဌာန၊ ဗဟိုသစ်တော လုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့် ပညာပေးရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝေက ကြိုဆိုနှုတ်ခွန်းဆက်စကား၊ AFoCO RETC မှ Mr. Kim Tongil, Director၊ သင်တန်းကျောင်းမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းသန်းထွန်းက သင်တန်းအဖွင့်အမှာစကားများ ပြောကြား၍ သင်တန်းသားများအဖြစ် ပဲခူး တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ သင်တန်း သား/သူ(၂၀)ဦး၊ သင်တန်း ဆရာများအဖြစ် မြန်မာနိုင်ငံကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်းမှ ဘာသာ ရပ်ဆိုင်ရာ ကျွမ်းကျင်သူ (၄)ဦးမှ စာတွေ့/လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလ (၅)ရက်နှင့်ကိုက်ညီစေရန် ကြိမ်ခြင်းတောင်းရက်လုပ်ခြင်းအား အလေးပေး ရက်လုပ်ခြင်းနှင့် လေ့လာရေးခရီးစဉ်အဖြစ် တောင်ဒဂုံမြို့နယ်ရှိ Bella Interiors Co, Ltd. သို့ သွားရောက်၍ ကြိမ်လက်မှုပစ္စည်း ထုတ်ကုန်များနှင့် ဈေးကွက်အခြေအနေများအား သွားရောက် လေ့လာစေခြင်း စသည့် လေ့လာရေး အစီအစဉ်များ ထည့်သွင်း၍ သင်တန်းကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၅)ရက်နေ့မှ (၉)ရက်နေ့အထိ (၅)ရက်တာ စီစဉ်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။







