သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation ကျင်းပ
(၈-၁၂-၂၀၂၅) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တောအုပ်ကြီးမှဒုတိယညွှန်ကြားရေးမှူးထိ သစ်တောဝန်ထမ်း (၁၁၂) ဦးတက်ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တောအုပ်ကြီး၊ ဦးစီးအရာရှိ (၁၄) ဦးစီက online စနစ်ဖြင့်တက်ရောက်ခဲ့သည်။ အစီအစဉ်အရ ဒေါက်တာအိအိဆွေလှိုင် (ဒုတိယညွှန်ကြားရေးမှူး၊ သစ်တောသုတေသနဌာနခွဲ)က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအိအိဆွေလှိုင်မှ လာအိုနိုင်ငံတွင် တက်ရောက်ခဲ့သည့် (၂၈) ကြိမ်မြောက် အာဆီယံအဆင့်မြင့် သစ်တောအရာရှိများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးအားလည်းကောင်း၊ ဦးစီးအရာရုှိ ဦးဝေယံကျော်မှ ထိုင်းနိုင်ငံတွင် တက်ရောက်ခဲ့သည့် နိုင်ငံတကာဈေးကွက်အခြေပြု ချဉ်းကပ်မှုများမှတစ်ဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ဆောင်ချက်များအတွက် အာဆီယံနိုင်ငံများပါဝင်သည့် အစီအစဉ် (သင်တန်းအမှတ်စဉ်-၁ )အားလည်းကောင်း၊ လက်ထောက်သုတေသနအရာရှိ ဒေါ်ကြည်ကြည်ခိုင်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် တက်ရောက်ခဲ့သည့် အရှေ့တောင်အာရှနိုင်ငံများတွင် CITES စညး်မျဉ်းနှင့်အညီ သစ်ပင်မျိုးစိတ်များ ခွဲခြမ်းစိပ်ဖြာခြင်းဆိုင်ရာ ကွန်ပျူတာနညး်ပညာသင်တန်းအားလည်းကောင်း၊ ဦးစီးအရာရှိ ဒေါက်တာဖြူဖြူသင်းမှ ဗီယက်နမ်နိုင်ငံတွင် တက်ရောက်ခဲ့သည့် ဒေသခံပြည်သူအခြေပြု အသက်မွေးဝမ်းကျောင်းနှင့် စီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးအစီအစဉ်ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအားလည်းကောငး် အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရသည်။
