သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ယာဉ်မောင်းစက်ပြင်(၅) ရာထူးနေရာများတွင် ခန့်ထားရန်အတွက် ကျွမ်းကျင်မှုစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်မည့် အစီအစဉ်ကြေညာခြင်း

၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လစ်လပ်လျက်ရှိသော ယာဉ်မောင်းစက်ပြင်(၅) (လစာနှုန်း ကျပ် ၁၆၂၀၀၀ -၂၀၀၀-၁၇၂၀၀၀) ရာထူးနေရာများတွင် ရွေးချယ်ခန့်ထားနိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများနှင့်အညီ အထွေထွေဗဟုသုတ ဘာသာရပ် ရေးဖြေစစ်ဆေးခြင်းကို ၂၇-၁-၂၀၂၄ ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင် ပြုလုပ်ခဲ့ပြီး ရေးဖြေ စာမေးပွဲဖြေဆိုသူများအနက် အောက်ဖော်ပြပါ(၁)ဦးကို ၃၀-၁-၂၀၂၄ ရက်နေ့(အင်္ဂါနေ့) နံနက် (၀၉:၃0)နာရီမှစ၍ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လူတွေ့စစ်ဆေးခြင်းနှင့် မော်တော်ယာဉ် ပြုပြင်/မောင်းနှင်မှုစစ်ဆေးခြင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
စဉ် ခုံအမှတ် အမည် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် မှတ်ချက်
၁ ယာဉ်မောင်း(၅)-၁ ဦးမင်းမင်းအောင် ၉/ဇဗသ(နိုင်)၀၁၀၄၀၀
၂ ယာဉ်မောင်း(၅)-၂ ဦးရဲစိုး ၁၂/မဘန(နိုင်)၂၀၂၀၂၉
၂။ လူတွေ့စစ်ဆေးခြင်းနှင့် မော်တော်ယဉ်ပြုပြင်/မောင်းနှင်မှုစစ်ဆေးခြင်း ဖြေဆိုမည့်သူများ အနေဖြင့် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာနသို့ နံနက်(၀၉:၁၅)နာရီ အရောက် အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့်အတူ လာရောက်သတင်းပေးပို့ရမည်ဖြစ်ပြီး စတင်စစ်ဆေးမည့် သတ်မှတ်ချိန်ထက်နောက်ကျ၍ ရောက်ရှိလာသူများကို ဖြေဆိုခွင့်ပြုမည်မဟုတ်ပါ-
(က) နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း
( ခ) အခြေခံပညာအလယ်တန်းအောင်လက်မှတ် မူရင်း
( ဂ) ယာဉ်မောင်းလိုင်စင် မူရင်း
၃။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်၊ ၀၆၇-၃၄၀၅၄၀၃၊ ၀၆၇-၃၄၀၅၁၈၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

သစ်တောဦးစီးဌာန

date: 
Monday, January 29, 2024 - 15:15