လျှောက်လွှာခေါ်ယူသည့်နေ့ရက်အား တိုးမြှင့်သတ်မှတ်ကြောင်း အသိပေးကြေညာခြင်း

သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော တောအုပ်ကြီး (လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူး (၃၀)နေရာအတွက် လျှောက်လွှာပိတ်ရက်အား (၉-၂-၂၀၂၄)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သစ်တောဦးစီးဌာန၏ လျှောက်လွှာခေါ်ယူခြင်း ကြေငြာစာအမှတ် (၁/၂၀၂၄)ဖြင့် ၆-၁-၂၀၂၄ ရက်နေ့တွင် မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံ သတင်းစာများနှင့် သစ်တောဦးစီးဌာန၏ Website- www.forestdepartment.gov.mmတွင် ကြေညာခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လျှောက်ထားရန် ကျန်ရှိသူများ ထပ်မံသိရှိ လျှောက်ထားနိုင်ရေး လျှောက်လွှာပိတ်ရက်အား (၃-၃-၂၀၂၄) ရက်နေ့သို့ တိုးမြှင့်သတ်မှတ်ကြောင်း နှင့် အောက်ပါအချက်အလက်များအား ဖတ်ရှုလေ့လာ၍ လျှောက်ထားနိုင်ကြောင်း ကြေညာအပ် ပါသည်။
၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော တောအုပ်ကြီး(လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူး(၃၀) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
( ခ) သိပ္ပံ(သစ်တော)ဘွဲ့ရပြီးသူဖြစ်ရမည်၊
( ဂ) ၁-၁-၂၀၂၄ ရက်နေ့တွင်အသက်(၃၅)နှစ်ထက်မကြီးသူ၊ မဟာသိပ္ပံဘွဲ့ရပြီးသူများ နှင့် နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၃၇)နှစ်ထက်မကြီးသူ ဖြစ်ရမည်၊
(ဃ) နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဌာနအကြီးအမှူး၏ ခွင့်ပြုချက်တင်ပြရမည်၊
(င) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း(Dismissal)၊ ရာထူးမှ ထုတ်ပယ်ခြင်း(Removal)ခံရသူများ လျှောက်ထားခွင့် မရှိပါ၊
(စ) ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်အင်္ဂါပြည့်စုံသန်စွမ်း၍ ဒေသမရွေး တာဝန်ထမ်း ဆောင်နိုင်သူဖြစ်ရမည်၊
(ဆ) ပြစ်မှု/မှုခင်း ကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်းမှ ထောက်ခံချက်အား တင်ပြ နိုင်သူဖြစ်ရမည်၊
(ဇ) အနည်းဆုံးလုပ်သက်တစ်ဆက်တည်း(၅)နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
၃။ လျှောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူ တစ်ဖက်ဖော်ပြပါအထောက်အထား များ (pdf format ဖြင့် scanဖတ်၍)ပူးတွဲလျက် [email protected]/ forest [email protected] သို့ Online စနစ်ဖြင့်ဖြစ်စေ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ ၃-၃-၂၀23 ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထား ရမည်-
(က) ဘွဲ့လက်မှတ်မိတ္တူ (သို့မဟုတ်) ဘွဲ့ထောက်ခံစာမိတ္တူ (စာမေးပွဲဖြေဆိုသည့်အခါ မူရင်းတင်ပြ)၊
( ခ ) အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ (စစ်ဆေးသည့်အခါတွင် အောင်လက်မှတ်မူရင်း တင်ပြနိုင်ရမည်)၊
( ဂ ) လျှောက်လွှာပိတ်ရက်မတိုင်မီ(၆)လအတွင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ထောက်ခံ ထားသည့် ပြစ်မှု/မှုခင်း ကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း၊
(ဃ) ပြင်ပမှလျှောက်ထားသူများအတွက်အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ (စစ်ဆေးသည့်အခါတွင် မူရင်း တင်ပြနိုင်ရမည်)၊
( င ) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်မူရင်း။
၄။ ရေးဖြေစာမေးပွဲကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ ဘာသာရပ်များစစ်ဆေး ခြင်းနှင့် လူတွေ့စစ်ဆေးခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲအတွက် ကြိုတင် လေ့လာရမည့် အကြောင်းအရာများ ရေးဖြေစာမေးပွဲဖြေဆိုရန်အတွက် လျှောက်ထားသူတစ်ဦးချင်းစီ ၏ စာမေးပွဲခုံနံပါတ်၊ ရေးဖြေစစ်ဆေးမည့် နေ့ရက်၊ အချိန်၊ နေရာ တို့ကို သစ်တောဦးစီးဌာန၏ Website- www.forestdepartment.gov.mm တွင် ကြေညာပေးသွားမည်ဖြစ်ပါသည်။
၅။ စည်းကမ်းနှင့်မကိုက်ညီသော (သို့မဟုတ်) မပြည့်စုံသော (သို့မဟုတ်) သတ်မှတ်ရက်ထက် ကျော်လွန်မှ ရောက်ရှိလာသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။
၆။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်- ၀၆၇-၃၄၀၅403/ ၀၆၇-၃၄၀၅၁80 သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး လျှောက်လွှာပုံစံများကို သစ်တောဦးစီးဌာန၏ https://bit.ly/3CEk6ZZ တွင် download ရယူနိုင်ပါသည်။

သစ်တောဦးစီးဌာန

date: 
Wednesday, February 7, 2024 - 16:15