၁၅-၁၂-၂၀၂၅ ရက်နေ့မှ ၂၁-၁၂-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃၁.၇၃၅၂)တန်၊ သစ်မာ (၁၆.၂၃၅၂)တန်၊ အခြား (၄၃.၉၀၁၆)တန်၊ စုစုပေါင်း (၉၁.၈၇၂၀)တန်၊ ယာဉ်/ယန္တရား (5)စီး၊ တရားခံ (11)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၇-၁၂-၂၀၂၅ ရက်နေ့တွင် ပဲခူး တိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဘုရားကြီးဘိနယ်၊ ရန်ကုန်-မန္တလေးလမ်း ဟောင်းဘေး၊ မိုင်တိုင်အမှတ် (၄၆/၇)အနီး၊ ဘုရားကလေးကျေးရွာအုပ်စု၊ ဥက္ကံ ကျေးရွာနေ ဦးမြင့်လွင်ဆိုသူ၏ နေအိမ်ခြံဝင်းအတွင်းမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး သစ်လုံး/ခွဲသား/ပါကေး(အကြမ်းတုံး) စုစုပေါင်း (၃၂၁၇)လုံး/ချောင်း/တုံး (၄၀.၀၇၆၆) တန်၊ ယာဉ် (၃)စီး၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါက
သည်။


