၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့အခမ်းအနားသို့တက်ရောက်လာကြသည့် ပြည်နယ်/ တိုင်းဒေသကြီးတို့မှ တိုင်းရင်းသားရိုးရာအကအဖွဲ့ဝင်များ ပြည်ထောင်စုနယ်မြေ၊နေပြည်တော်ရှိ တိရစ္ဆာန်ဥယျာဉ်နှင့်နက္ခတ်တာရာပြခန်းတို့သို့လာရောက်ကြည့်ရှုလေ့လာခြင်း

၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧရာဝတီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှ တိုင်းရင်းသားရိုးရာအကအဖွဲ့ဝင်( ၁၃၈ )ဦးသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ရှိတိရစ္ဆာန်ဥယျာဉ်နှင့် နက္ခတ်တာရာ ပြခန်းတို့သို့ (၇.၂.၂၀၂၄) ရက်နေ့၊နံနက်( ၀၇: ၀၀)နာရီချိန် လာရောက် လေ့လာကြည့်ရူကြရာ သစ်တောဦးစီးဌာန၊ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)နှင့် နက္ခတ်တာရာပြခန်းတို့မှ တာဝန်ရှိသူများမှ လိုက်ပါရှင်းလင်းပြသကြကြောင်း သတင်းရရှိသည်။

date: 
Wednesday, February 7, 2024 - 18:45