၂၉-၁-၂၀၂၄ ရက်နေ့မှ ၄-၂-၂၀၂၄ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၄.၀၆၈၀)တန်၊ သစ်မာ (၂၆.၉၁၂၆)တန်၊ အခြား (၅၆.၁၇၈၀)တန်၊ စုစုပေါင်း (၉၇.၁၆၇၆)တန်၊ ယာဉ်/ ယန္တရား (၁၁)စီး၊ တရားခံ (၁၅) ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၉-၁-၂၀၂၄ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ စိုင်းရဘိနယ်၊ စိုင်းရကြိုးဝိုင်း၊ အကွက် အမှတ်(၆၅)အတွင်း၊ ဂုံမင်းမြောင်တောစပ်အနီးနှင့် ကျောက်မဆင်-၂ဘိနယ်၊ ရိုးမကြိုး ပြင်ကာကွယ်တောအတွင်း တို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး သစ်လုံး/ခွဲသား/လုံး ပတ်(၃)ပေအောက်သစ် စုစုပေါင်း (၁၆၁)လုံး/ချောင်း (၁၉.၁၆၁၆) တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Thursday, February 8, 2024 - 10:15