သစ်တောဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒ/စီမံကိန်း)ဦးဖေချစ်ဦးဆောင်သောအဖွဲ့သည် နေပြည်တော် ဥတ္တရခရိုင်၊ဥတ္တရသီရိမြို့နယ်ငလိုက်ကြိုးဝိုင်းအတွင်းစိုက်ပျိုးထားရှိသည့်အပင်များရှင်သန်အောင်မြင်မှုနှင့်ထိန်းသိမ်းစောင့်ရှောက်ထားရှိမှုအခြေအနေအားကြည့်ရှုစစ်ဆေး

(11-2-2024)ရက်နေ့၊ နံနက် (၀၈:၃၀) နာရီချိန်တွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ( မူဝါဒ/ စီမံကိန်း) ဦးဖေချစ် ဦးဆောင်သောအဖွဲ့သည် နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ် ငလိုက်ကြိုးဝိုင်း အကွက်အမှတ် (၂၉၊၃၀) အတွင်း ၂၀၁၉ ခုနှစ် (မိုးရာသီ)၌ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ လှူ ဒါန်းငွေဖြင့် တည်ထောင် စိုက်ပျိုးခဲ့သော ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း (၁၀၀) ဧက၊ ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ် (၃၀) အတွင်း ၂၀၂၀ ပြည့်နှစ် (မိုးရာသီ) တွင် မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းရှငိများအသင်း လှူဒါန်းငွေဖြင့် တည်ထောင်စိုက်ပျိုးခဲ့သော ဂေဟစနစ်ဖြည့်တင်းရေး စိုက်ခင်း (၁၀၀) ဧက နှင့် ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ် (၃၀၊၃၃)အတွင်း ၂၀၂၁ ခုနှစ် (မိုးရာသီ)တွင် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်း လှူဒါန်းငွေဖြင့်တည်ထောင်စိုက်ပျိုးခဲ့သော ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း (၁၀၀) ဧက တို့၏ ရှင်သန် အောင်မြင်မှုနှင့် ထိန်းသိမ်းစောင့်ရှောက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြား ခဲ့ပါသည်။

date: 
Sunday, February 11, 2024 - 11:45