“စံပြသစ်တောတည်ထောင်ခြင်း၏ သဘောတရားများ၊ စံသတ်မှတ်ချက်များနှင့် သဘာဝမြေသြဇာ ပြုလုပ်ခြင်းလုပ်ငန်းများကို ရှင်းလင်းပို့ချခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနား” ကျင်းပ

သစ်တောဦးစီးဌာနသည် အာရှဒေသသစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Asian Forest Cooperation Organization - AFoCO)၏ ရန်ပုံငွေအထောက်အပံ့ဖြင့် “သစ်တောမှီခိုနေထိုင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်တောထိန်းသိမ်းခြင်းနှင့် ဒေသခံပြည်သူအခြေပြုစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးမှုဆိုင်ရာ စံပြသစ်တောတည်ထောင်ခြင်းစီမံကိန်း (FD-AFOCO Model Forest Project)" ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလမှစတင်၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ (၄)နှစ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ထာဝစဉ်တည်တံ့စေသော သစ်တောစီမံအုပ်ချုပ်မှုကို အထောက် အကူပြုစေရေးနှင့် သစ်တောဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတက်မြင့်မားစေရေးအတွက် မြန်မာ နိုင်ငံသစ်တောကျောင်း၊ ပြင်ဦးလွင်မြို့တွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ အခြေခံသစ်တောပညာသင်တန်း အမှတ်စဉ် (၁၁၇) သင်တန်းတက်ရောက်လျက်ရှိသော တောခေါင်း အဆင့်သင်တန်းသား (၁၀၆)ဦးအား စံပြသစ်တော တည်ထောင်ခြင်း၏ သဘောတရားများ၊ စံသတ်မှတ် ချက်များနှင့် သဘာဝမြေဩဇာပြုလုပ်ခြင်း လုပ်ငန်းများကို သင်ကြားပို့ချခြင်းနှင့် မြန်မာနိုင်ငံသစ်တော ကျောင်းသို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့၊ နံနက် (၉) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် သစ်တောဦးစီးဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဖွံ့ဖြိုးရေးဌာန၊ ညွှန်ကြားရေးမှူး ဦးတင့်ခိုင်က အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး သစ်တောဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ညွှန်ကြား ရေးမှူး ဦးထွန်းထွန်း၊ မြန်မာနိုင်ငံ သစ်တောကျောင်းမှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်၊ သင်တန်း ဆရာများ၊ လေ့ကျင့်ရေးနှင့် သုတေသနဌာနမှ ဝန်ထမ်းများနှင့် အခြေခံသစ်တောပညာသင်တန်း အမှတ် စဉ် (၁၁၇)မှ သင်တန်းသား (၁၀၆)ဦး ပါဝင်တက်ရောက်လျက် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အခြေခံသစ်တောပညာ သင်တန်း အမှတ်စဉ် (၁၁၇) သင်တန်းတက်ရောက်လျက်ရှိသော သင်တန်းသား များ၏ လေ့ကျင့် သင်ကြားရေးသစ်တော ဧက(၅၀၀) အတွင်း သဘာဝမြေဩဇာလက်တွေ့ပြုလုပ်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြပါသည်။

date: 
Sunday, February 11, 2024 - 16:15