သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation ကျင်းပ

(၅-၁-၂၀၂၆) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တောအုပ်ကြီးမှဒုတိယညွှန်ကြားရေးမှူးထိ သစ်တောဝန်ထမ်း (၁၀၆) ဦးတက်ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တောအုပ်ကြီး၊ ဦးစီးအရာရှိ (၁၈) ဦးစီက online စနစ်ဖြင့်တက်ရောက်ခဲ့သည်။
အစီအစဉ်အရ ဦးဆန်းမြင့်ထွန်း (ဒုတိယညွှန်ကြားရေးမှူး၊ သဘာဝဝန်းကျင်နှင့်သားငှက်တိရိစ္ဆာန်ထိန်းသိမ်းရေးဌာနခွဲ)က သဘာပတိအဖြစ် ဆောင်ရွက်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသင်းသင်း(စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲ)မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ(နန်ကျင်းမြို့)တွင် တက်ရောက်ခဲ့သည့် တရုတ်- အာဆီယံနိုင်ငံများအတွက် ဂြိုလ်တုဖြင့်အဝေးမှစူးစမ်းအာရုံခံခြင်းအသုံးချနည်းပညာဆိုင်ရာ ဆွေးနွေးပွဲအားလည်းကောင်း၊လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသိမ့်သိမ့်ထွန်း (ရေဝေရေလဲဌာနခွဲ)မှတရုတ်ပြည်သူ့သမ္မတနိုင်ငံ(ထန်ကျင်းမြို့)တွင် တက်ရောက်ခဲ့သည့်သမုဒ္ဒရာ စီမံအုပ်ချုပ်မှု ဆွေးနွေးပွဲ အစီအစဥ် အားလည်းကောင်း၊ ဦးစီးအရာရှိဦးသန့်စင်ကျော်(ရေဝေရေလဲဌာနခွဲ)မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ဟန်ကျိုး)မြို့တွင် တက်ရောက်ခဲ့သည့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုနှင့်ကမ်းရိုးတန်းအလိုက်လိုက်လျောညီထွေဖြစ်မှုဆိုင်ရာ ဆွေးနွေးပွဲအားလည်းကောင်း၊ ဦးစီးအရာရှိ ဒေါက်တာ အေးမြတ်သူ(ဝန်းကျင်/သားဌက်ဌာနခွဲ)မှ ဗီယက်နမ်နိုင်ငံ(Bien Hoa)တွင် တက်ရောက်ခဲ့သည့်အာရှဆင်ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာကျွမ်းကျင်သူများ၏(၁၂) ကြိမ်မြောက်အစည်းအဝေးအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရသည်။

date: 
Monday, January 5, 2026 - 22:00