ခရိုင်အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကျင်းပ
သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ၇-၁-၂၀၂၆ ရက် ၁၀:၃၀ နာရီ အချိန်တွင် ခရိုင်အုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အစည်းအဝေး ကျင်ပရာ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသောင်းနိုင်ဦး တက်ရောက်၍ အမှာစကားပြောကြားသည်။အစည်းအဝေးသို့ ဦးစီးရုံးချုပ်မှ ညွှန်ကြားရေးမှူးများ၊ Review Team အဖွဲ့များ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ တက်ရောက်ပြီး တိုင်းဒေသကြီး/ ပြည်နယ် တာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးများက Online စနစ်ဖြင့် တက်ရောက်သည်။ဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံချက်သည် ခရိုင်မှူးများ၏ မိမိခရိုင်အတွင်း ဆောင်ရွက်မည့် သစ်တောလုပ်ငန်း လမ်းညွှန်ဖြစ်ပါကြောင်း မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် အခက်အခဲများအကြား ရေးဆွဲသူ စိစစ်သူများ အကြိမ် ကြိမ်ဆွေးနွေးရပါကြောင်း၊ ယခု မူကြမ်းအဆင့်မှ အပြီးသတ်စီမံချက်ထိ အချိန်မီ ပြီးစီးအောင် ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်း နှင့် အကောင်းဆုံးစီမံချက်ဖြစ်ပေါ်ရေးတွက် နည်းပညာအကူအညီများရယူ၍ စိန်ခေါ်မှုများကို ဖြေရှင်းရမည်ဖြစ်ကြောင်း ပြောကြားပြီး Review Team(၆ )အဖွဲ့မှ အဖွဲ့ခေါင်းဆောင်များမှ ခရိုင်သစ်တော အုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်း (၂၀၂၆-၂၀၂၇ မှ ၂၀၃၅-၂၀၃၆ ထိ) ဒုတိယနှစ် (၃၀) ၏ ပထမ ၁၀ နှစ် စီမံကိန်း ဒုတိယ(မူကြမ်း) နမူနာခရိုင်များ ပြုစုရေးဆွဲထားမှုအပေါ် အသေးစိတ် ပြင်ဆင်မှုအခြေအနေ များအား ရှင်းလင်းတင်ပြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေး အကြုံပြုသည်။သစ်တောဦးစီးဌာနနှင့် ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများကို ခရိုင် (၇၁) ခရိုင်တွင် ပြုစုရေးဆွဲလျက်ရှိရာ စီမံကိန်းပါအတိုင်း ၂၀၂၆-၂၀၂၇ ခုနှစ် ဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်သည်ဖြစ်ကြောင်းသိရသည်။
