မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ဘုရားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် သစ်တောဦးစီးဌာနပြခန်းသို့ ဘုရားဖူးများ စိတ်ဝင်တစားကြည့်ရှုခြင်း
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ဘုရားပွဲတော် ဖွင့်ပွဲအခမ်းအနားကို (၁၄-၂-၂၀၂၄)ရက်နေ့တွင် ကျင်းပဆောင်ရွက်ခဲ့ရာ အဆိုပါ ဘုရားပွဲတော် ကာလအတွင်း ဘုရားဖူးလာပြည်သူများ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်းဆိုင်ရာ ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ သစ်တောဦးစီးဌာန၊ ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောမှ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလူထုပညာပေးပြခန်း ပြသဆောင်ရွက် လျက်ရှိပါသည်။ အဆိုပါ သစ်တောဦးစီးဌာနပြခန်းသို့ ဘုရားဖူးလာပြည်သူများဝင်ရောက်၍ စိတ်ဝင်တစားကြည့်ရှုကြကြောင်း သိရှိရသည်။
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-4c3463621188eaf303d52ae68081b114-V.jpg?itok=FteQvSIT)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-9dc85d3971fb6e2f03f79441ef7eabf8-V.jpg?itok=MQvMvAeI)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-225dcd46732bf74be54d744fb76cd032-V.jpg?itok=dHEC6qg1)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-dd02d1c575539f04b8f3721e46811bb5-V.jpg?itok=ISj8qFPp)
date:
Saturday, February 17, 2024 - 18:30