FD-AFoCO NTFP Project ၏ လဲလူးအိုင် ဝါးလက်မှုထုတ်ကုန် သမဝါယမအသင်းဖွဲ့စည်းခြင်းနှင့်လှည့်ပတ်ရန်ပုံငွေပေးအပ်ခြင်းအခမ်းအနားကျင်းပ
သစ်တောဦးစီးဋ္ဌာနနှင့် အာရှဒေသသစ်တောကဏ္ဍဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Asian Forest Cooperation Organization- AFoCO)တို့ပူးပေါင်းအကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများဆိုင်ရာပြည်သူအခြေပြု အသေးစားစီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍"လဲလူးအိုင် ဝါးလက်မှုထုတ်ကုန် သမဝါယမအသင်းဖွဲ့စည်းခြင်းနှင့် လှည့်ပတ်ရန်ပုံငွေပေးအပ်ခြင်းအခမ်းအနား"ကို ၁၃-၁-၂၀၂၆ ရက် (အင်္ဂါနေ့)နံနက် (၁၁:၀၀) နာရီ တွင်သစ်တောသုတေသနဋ္ဌာနခွဲ၊ စုဝေးခန်းမ၌ ကျင်းပရာသစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး တက်ရောက်အမှာစကားပြောကြားသည်။ အဆိုပါအခမ်းအနားသို့ သစ်တောဦးစီးဋ္ဌာန၊ ညွှန်ကြား ရေးမှူးချုပ်ဒေါက်တာသောင်းနိုင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများနှင့်သမဝါယမဦးစီးဋ္ဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။အခမ်းအနားပထမပိုင်းအစီအစဥ်တွင် သစ်တောဦးစီးဋ္ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးမှ အဖွင့်မှာစကားမြွက်ကြားပြီး လှည့်ပတ်ရန်ပုံငွေပေးအပ်ခြင်းနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းတို့ဆောင်ရွက်ပြီးနောက် နေ့ခင်းစာဖြင့်တည်ခင်းဧည့်ခံသည်။အခမ်းအနားဒုတိယပိုင်းအစီအစဥ်တွင် သမဝါယမဦးစီးဋ္ဌာန၊ ဦးစီးအရာရှိ ဦးစန်းလွင် (မြို့နယ်အဆင့် ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ)မှ အသင်းဖွဲ့စည်းရေးဆိုင်ရာများရှင်းလင်းပြောကြားပြီး၊သစ်တောဦးစီးဋ္ဌာန၊ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာအိအိဆွေလှိုင်မှ သစ်မဟုတ်သည့်သစ်တောထွက်ပစ္စည်းများဆိုင်ရာ ပြည်သူအခြေပြု အသေးစားစီးပွားရေးလုပ်ငန်းများ သရုပ်ပြတည်ထောင်ခြင်းစီမံကိန်း၏ ဒေသတွင်းနိုင်ငံများတွင် ဆောင်ရွက်လျှက်ရှိသည့် အသင်းအဖွဲ့များ၏ အကျိုးခံစားခွင့်များ ခွဲဝေပေးမှုပုံစံများအား ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်အခမ်းအနားအစီအစဉ်များအတိုင်း လဲလူးအိုင်ဝါးလက်မှုထုတ်ကုန်သမဝါယမအသင်းဖွဲ့စည်းခြင်းနှင့်မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌရွေးချယ်ခြင်းနှင့်ကိုယ်စားလှယ်ရွေးချယ်ခြင်းတို့ကိုဆက်လက်ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။







