၅-၁-၂၀၂၆ ရက်နေ့မှ ၁၁-၁-၂၀၂၆ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၀.၁၀၈၈)တန်၊ သစ်မာ (၂၄.၄၈၁၈)တန်၊ အခြား (၅၀.၅၉၄၈)တန်၊ စုစုပေါင်း (၉၅.၁၈၅၄)တန်၊ ယာဉ်/ယန္တရား (၁၃)စီး၊ တရားခံ (၁၆)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၈-၁-၂၀၂၆ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ဘုရားကြီးဘိနယ်၊ နေပြည်တော်-ရန်ကုန်အမြန်လမ်း မိုင်တိုင် အမှတ် (၄၂/၁)အနီး၊ လမ်း၏ အနောက်ဘက်(၁)ဖာလုံခန့်အကွာမှ တရားမဝင် ကျွန်း၊ ပျဉ်းကတိုး ခွဲသား/ပါကေး/တံခါးချပ် (၁၂၅၁၄)ချောင်း/တုံး/ချပ် (၃၀.၂၇၅၀)တန်၊ (၁၀)ဘီးယာဉ် (2)စီး၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။



date:
Wednesday, January 14, 2026 - 10:30
