သစ်တောဦးစီးဌာန၊ (၉/၂၀၂၅-၂၀၂၆) ကြိမ်မြောက် တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
သစ်တောဦးစီးဌာန၊ (၉/၂၀၂၅-၂၀၂၆)ကြိမ်မြောက် ဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၁၄-၁-၂၀၂၆)ရက် ဗုဒ္ဓဟူးနေ့၊ နံနက် (၀၉:၀၀)နာရီတွင် ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်း ခန်းမ၌ကျင်းပရာ သစ်တောဦးစီးဋ္ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး တက်ရောက်၍အဖွင့်အမှာ စကားပြောကြားသည်။ ဦးစွာ သစ်တောဦးစီးဋ္ဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တတိယ (၃)လပတ်တွင် တိုင်းဒေသ ကြီး/ ပြည်နယ်အများစုမှ အခွန်တော်လျာထားချက်ထက် ကျော်လွန်ကောက်ခံနိုင်ကြောင်း၊ အလားတူ စတုတ္ထ(၃) လပတ်တွင်လည်း ပြည့်မီကျော်လွန်စေလိုကြောင်း၊ မိမိတို့တာဝန်ယူသည့်ဒေသ၏ သစ်တောဖုံးလွမ်းမှုများအား စိစစ်၍ တိုးတက်အောင်ပြုစုထိန်းသိမ်းရမှာဖြစ်ကြောင်း၊ ကုန်ဆုံးတော့မည့် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွင်း သစ်တောလုပ်ငန်းများကို စောလျင်စွာ အချိန်မီပြီးစီးအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရားမဝင်သစ်ဖမ်းဆီး မှုများကို CMRS သတင်းရယူ၍ ဆောင်ရွက်သလို ဝန်ထမ်းများပါဝင်ပတ်သက်မှုမရှိအောင် သတိပြုစေလိုကြောင်း နှင့်ဝန်ထမ်းတစ်ဦးချင်းမှစ မိမိတို့တာဝန်များကျေပွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။ အစီအစဉ်အရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်တာဝန်ခံများက ယခု (၃)လ ပတ်တွင် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ ဦးစီးရုံးချုပ်ရှိ ဋ္ဌာနခွဲများမှ ညွှန်ကြားရေးမှူးများက မိမိတို့၏ ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ ဒုတိယညွှန်ကြားရေးမှုးချုပ်များမှ ဖြည့်စွက် ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဋ္ဌာနခွဲများ မှ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် တာဝန်ခံ များမှ online စနစ်ဖြင့်တက်ရောက်ကြသည်။
