သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation အစီအစဥ် ကျင်းပ
(၁၉-၁-၂၀၂၆) ရက်၊ တနင်္လာနေ့ (၁၀:၃၀) နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသောင်းနိုင်ဦး တက်ရောက်ဆွေးနွေးပြောကြားသည်။ ဆွေးနွေးပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးဖေချစ်၊ ညွှန်ကြားရေးမှူးများ၊ တောအုပ်ကြီးအဆင့်မှ ဒုတိယညွှန်ကြားရေးမှူးများထိ သစ်တောဝန်ထမ်း (၁၁၅) ဦးတက်ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တောအုပ်ကြီး၊ ဦးစီးအရာရှိ၊လက်ထောက်ညွှန်ကြားရေးမှူး (၃၄) ဦးက online စနစ်ဖြင့် တက်ရောက်သည်။ အစီအစဉ်အရ ဒေါက်တာအင်ကြင်းခိုင် (ဒုတိယညွှန်ကြားရေးမှူး၊ လေ့ကျင့်ရေးနှင့်သုတေသနဖွံ့ဖြိုးရေး ဌာနခွဲ)က သဘာပတိအဖြစ် ဆောင်ရွက်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာယုယအေး(သစ်တောသုတေသနဌာနခွဲ)က ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုလ်းမြို့တွင်ကျင်းသည့် ရာသီဥတုပြောင်းလဲမှုလိုက်လျောညီထွေဖြစ်စေခြင်းဆိုင်ရာလုပ်ငန်းအဖွဲ့ ဖွဲ့စည်းမှုအစည်းအဝေး တက်ရောက်မှု အားလည်းကောင်း၊ ဦးစီးအရာရှိ ဦးဖြိုးသက်နိုင်-၂(ရေဝေရေလဲသေအုပ်ချုပ်ရေးဋ္ဌာနခွဲ)မှကိုရီးယားနိုင်ငံ၊ဆိုလ်းမြို့တွင်တက်ရောက်ခဲ့သည့် ဒီရေတောဟေစနစ် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ဖွဲ့စည်းမှု အစည်းအဝေး တက်ရောက်မှုအား လည်းကောင်း၊ ဦးစီးအရာရှိ ဦးအောင်ရဲကျော် (စိုက်ခင်းလုပ်ငန်းဋ္ဌာနခွဲ)မှ အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်သည့် သစ်မဟုတ်သောသစ်တောထွက်ပစ္စည်းများ၏ စံချိန်စံနှုန်းများနှင့် ထောက်ခံချက်ပြုလုပ်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့မှုအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး လိုအပ်သည်များကို ညွှန်ကြား ရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ်တို့မှ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။







