၁၂-၁-၂၀၂၆ ရက်နေ့မှ ၁၈-၁-၂၀၂၆ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၈.၂၃၃၀)တန်၊ သစ်မာ (၀.၄၅၀၂)တန်၊ အခြား (၄၄.၄၈၉၅)တန်၊ စုစုပေါင်း (၅၃.၁၇၂၇)တန်၊ ယာဉ်/ယန္တရား (၉)စီး၊ တရားခံ (၁၇)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၆-၁-၂၀၂၆ ရက်နေ့တွင် ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ မြို့မဘိနယ်၊ ရပ်ကွက်(၁၁) နယ်မြေ (၅)၊ နမ့်မော်ဖာတောင်ကျော်လမ်း၊ ရာဘာခြံအနီးမှ တရားမဝင် အင်ခွဲသား (၆၂၀) ချောင်း (၂၁.၇၂၃၄)တန်၊ (၁၂)ဘီးယာဉ် (2)စီး၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။



date:
Wednesday, January 21, 2026 - 16:45
