ဝါးလက်မှုထုတ်ကုန် ပစ္စည်းအမျိုးမျိုးစျေးကွက်မြှင့်တင်ရေးနှင့် အရောင်းပြပွဲအခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူတက်ရောက်

သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများဆိုင်ရာပြည်သူအခြေပြု အသေးစားစီးပွားရေး လုပ်ငန်းများ သရုပ်ပြတည်ထောင်ခြင်းစီမံကိန်း၏ဝါးလက်မှုထုတ်ကုန် ပစ္စည်းအမျိုးမျိုးစျေးကွက် မြှင့်တင်ရေးနှင့် အရောင်းပြပွဲကို ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(၂၇)ရက်၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် Kumudra Grand Ballroom, Hotel Max, Naypyitaw ၌ ကျင်းပရာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးလှမောင်သိန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်ဖိတ်ကြားထားသော ဧည့်သည်တော် များ တက်ရောက်ကြသည်။
ဦးစွာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အဖွင့် အမှာစကားပြောကြားပြီးနောက် ဝါးသည် ကမ္ဘာပေါ်တွင် အကြီးမြန်ဆုံး အပင်များအနက် တစ်မျိုး ဖြစ်ပြီး အချိန်တိုအတွင်း အသုံးချနိုင်သောအရွယ်အစားရရှိသည့်အပြင် လေထုထဲရှိ ကာဗွန်ဒိုင် အောက်ဆိုဒ်ပမာဏများစွာကိုစုပ်ယူနိုင်ပြီး ရေတိုက်စားမှုကိုလည်း အထူးကာကွယ်ကြောင်းနှင့် ယခု အခမ်းအနားသည် ဝါးလက်မှုလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ခြေလှမ်းအသစ်ဖြစ်ရုံသာမက ရေရှည် တည်တံ့သော စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တစ်ပြိုင်နက်တည်း အထောက် အကူပြုနိုင်ကြောင်းပြောကြားသည်။ ထို့အပြင် စီးပွားရေးဦးတည်ချက် (၄) ရပ်အနက် တတိယ ဦးတည်ချက်နှင့်အညီ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်တော ကဏ္ဍအနေဖြင့် သစ်၊ ကြိမ်၊ ဝါး အသုံးပြုထုတ်လုပ်သော စီးပွားရေးလုပ်ငန်းများ၏ ထုတ်လုပ်မှု မြင့်မားလာစေရေး၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ရေး၊ ပြည်တွင်း/ ပြည်ပ စျေးကွက်များ ရရှိရေးနှင့် နည်းပညာများပေါင်းစပ်ဆောင်ရွက်နိုင်ရေး လမ်းညွှန်ပြောကြားပြီးနောက် အနာဂတ် ကာလတွင်ဝါးလက်မှုကဏ္ဍကို ဆက်လက်ဖွံ့ဖြိုးစေရန် အားလုံးပူးပေါင်းလက်တွဲဆောင်ရွက်သွားရန် လိုအပ်ကြောင်းတိုက်တွန်းပြောကြားသည်။ အခမ်းအနားအစီအစဉ်အရ ဝါးလက်မှုလုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာပညာရှင်များက ဆက်လက်၍ အုပ်စုဖွဲ့ဆွေးနွေးခဲ့ကြပြီး သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားပြီးနောက် အခမ်းအနားကို နေ့လယ်(၁၃:၀၀) နာရီတွင် ရုတ်သိမ်းသည်။

date: 
Wednesday, January 28, 2026 - 11:30