နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဖမ်းဆီးရမိမှုစာရင်းချုပ်
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၄.၃၉၇၆)တန်၊ အခြား (၉၁.၉၅၉၀)တန်၊ စုစုပေါင်း (၁၁၆.၃၅၆၆)တန်၊ ယာဉ်/ယန္တရား (၄)စီး၊ တရားခံ (၇)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၃-၁-၂၀၂၆ ရက်နေ့တွင် မန္တလေး တိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ အရှေ့ဘိနယ်၊ ရွှေညောင်ဖူး အုပ်စု၊ ကျောက်ချပ်ကျေးရွာ၏ အနောက်ဘက် (၂)ဖာလုံခန့်အကွာမှ တရားမဝင် သဖန်း၊ သစ်ယား၊ ဖျောက်ဆိပ်၊ သစ်ပုတ်၊ တောင်ပိန္နဲ သစ်၊ ခွဲသား၊ ခွဲခြမ်း (၆၇)လုံး/ ချောင်း/ခြမ်း (၂၃.၆၅၉၆)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိပါသည်။

date:
Wednesday, January 28, 2026 - 15:30
