ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေးဧရိယာအတွင်းမှ တရားမဝင်သစ်များဖမ်းဆီးရမိ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်းသစ်မူရင်း ဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နား ထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင် သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည် ရေး ဧရိယာအတွင်းမှ (1၉-၁-၂၀၂6)ရက်နေ့မှ ၂၅-၁-၂၀၂၆) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင် ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၂၃.၈၂၂၄)တန်ဖမ်းဆီးရမိခဲ့ပါသည်။

date: 
Friday, January 30, 2026 - 10:15