(၃၅)ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ပိတ်ပွဲအခမ်းနားကျင်းပခြင်းနှင့် ပြည်ထောင်ဝန်ကြီး ဦးခင်မောင်ရီမှ ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံခြင်း
(၂၂-၂-၂၀၂၄)ရက်နေ့ မွန်းလွဲပိုင်းတွင် (၃၅)ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ပိတ်ပွဲအခမ်းနားကို ကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးမှ နိဂုံးချုပ်အမှာ စကားပြောကြားပါသည်။ ဆက်လက်၍ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်သူတို့မှ သုတေသနစာတမ်းရှင်များသို့ ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး ညပိုင်းတွင် သစ်တောဦးစီးဌာန၊ ရုံးအမှတ်(၃၉) မြက်ခင်းပြင်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီမှ ဂုဏ်ပြုမိန့်ခွန်းပြောကြားပြီး ညစာစားပွဲသို့ တက်ရောက်လာကြသူ များအား ရင်းရင်းနှီးနှီး နုတ်ဆက်ကာ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသိရှိရပါသည်။
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/SWP_0275.jpg?itok=wxgWrOU3)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/SWP_0297_0.jpg?itok=kwJwsLMm)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-03c8982f151150b79ff593bf471320a4-V.jpg?itok=_zK6r5qs)