ဦးစီးအရာရှိ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၁၄) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
ရေဆင်း၊ သစ်တောသုတေသနဌာန၊ စုဝေးခန်းမ၌ ဦးစီးအရာရှိ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၁၄) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့၊ ညနေ (၀၃:၀၀)နာရီတွင် ကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားသည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ်က သင်တန်းကာလအတွင်း ဘာသာရပ်အလိုက်သင်ကြားပို့ချမှုများ သည် လက်တွေ့နယ်တွင်လုပ်ငန်းဆောင်ရွက်ရာမှာ အကျိုးကျေးဇူးများရရှိကြောင်း၊ ဌာနအနေဖြင့် မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ၅၀% ဖြစ်စေရေးကြိုးပမ်းလျက်ရှိပြီး သစ်တောလုပ်ငန်း(၁၉)မျိုး ဆောင်ရွက်လျက်ရှိကြောင်း စိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်းများ ထိရောက်အောင်မြင်အောင် ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ တရားမဝင်သစ်ခိုးထုတ်မှုကို ကြိုတင်ကာကွယ်တားဆီး အရေးယူရမည်ဖြစ် ကြောင်းနှင့် ပြည်သူများနှင့်ထိတွေ့ဆက်ဆံရာတွင် စည်းရုံးရေးအမြင်ရှိရန်လိုကြောင်း မှာကြားခဲ့သည်။
ထိုနောက် ညွှန်ကြားရေးမှူးချုပ်က သင်တန်း သားတစ်ဦးချင်းစီအား သင်တန်းဆင်းလက်မှတ် များပေးအပ်ချီးမြှင့်သည်။
သင်တန်းဆင်းပွဲသို့ ဦးစီးရုံးချုပ်မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သစ်တောသုတေသနဌာနမှ အရာထမ်းများနှင့် သင်တန်းသား (၂၀) ဦးတို့တက်ရောက်သည်။





