သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ ဆဌမအကြိမ်မြောက် အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် (OMP VI) နှင့်ပတ်သတ်၍ Stakeholder Consultation Meeting ကျင်းပ

တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ ဆဌမအကြိမ်မြောက် အုပ်ချုပ်လုပ်ကိုင်မှု စီမံချက် (OMP VI) နှင့်ပတ်သတ်၍ Stakeholder Consultation Meeting ကို ၃-၂-၂၀၂၆ ရက် (အင်္ဂါနေ့) နံနက် (၁၁း၀၀) နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်း ခန်းမ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦး တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။ အစည်းအဝေးသို့ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဖေချစ်နှင့် တာဝန်ရှိသူများ၊ ဆက်စပ်ဌာနများ၊ မိတ်ဖက်ဌာနများ နှင့် NGOs/ INGOs များမှ ကိုယ်စားလှယ်များ တက်ရောက်သည်။
ဦးစွာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီးနောက် တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ ပဉ္စမအကြိမ်မြောက်အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် (OMP V) ကာလ၏ လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းအား video clip ဖြင့်ပြသသည်။ နေ့လယ်ပိုင်းအစီအစဉ် တွင် တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ ဆဌမ(၄)နှစ်တာ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် (မူကြမ်း)အပေါ် တက်ရောက်လာသူများမှ သက်ဆိုင်ရာကဏ္ဍများအလိုက် အုပ်စုဖွဲ့၍ ဝိုင်းဝန်းဆွေးနွေးခဲ့ ကြပြီး လိုအပ်သည်များ ဖြည့်စွက်ခဲ့ကြောင်းသတင်းရရှိသည်။

date: 
Wednesday, February 4, 2026 - 10:15