သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation ကျင်းပ
(၉-၂-၂၀၂၆) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြ သည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တောအုပ်ကြီးမှ ဒုတိယညွှန်ကြားရေးမှူးထိ သစ်တောဝန်ထမ်း (၁၀၉) ဦးတက်ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီး များမှ တောအုပ်ကြီး၊ ဦးစီးအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး (၁၄) ဦးစီက online စနစ်ဖြင့် တက်ရောက်ခဲ့သည်။
အစီအစဉ်အရ ဒေါက်တာမူမူအောင် (ဒုတိယညွှန်ကြားရေးမှူး၊ သစ်တောသုသေသနဌာနခွဲ)က သဘာပတိအဖြစ်ဆောင်ရွက်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိန်ဝင်းထွန်း (သဘာဝ ဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနခွဲ)မှ ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသောအပြည်ပြည်ဆိုင်ရာ အာဆီယံအမွေအနှစ်ဥယျာဉ်များ ညီလာခံဆိုင်ရာ ဆွေးနွေးပွဲအားလည်းကောင်း၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာသင်းသင်း(စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲ)မှ လာအိုနိုင်ငံ(ပါ့စ်မြို့)၌ ကျင်းပ သော တိယအကြိမ်မြောက် မဲခေါင်-ကိုရီးယား သစ်တောမီးကာကွယ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ အစီအစဉ် အားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများ အပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရသည်။

