သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ရုံး၊တိုးချဲ့ပညာပေးရေးဌာမှ ညွှန်ကြားရေးမှူးကတိုက်ကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများအားကွင်းဆင်းစစ်ဆေးကြည့်ရှုခြင်း

နေပြည်တော်၊သစ်တောဦးစီးရုံးချုပ်၊တိုးချဲ့ပညာပေးရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမြင့်သိန်းနှင့် လက်ထောက် ညွှန်ကြားရေးမှူး ဦးစိန်မိုးတို့သည် ရန်ကုန်တိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၃.၃.၂၀၂၄)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ကြီးမြို့နယ်၊ လှိုင်ရိုးမတောင်ပေါ် (၂ )ကြိုးဝိုင်း၊ အကွက်အမှတ် (၁၅)ရှိ ဦးချစ်သိန်းပါ (၁၀၉) ဦး စိုက်ပျိုးထားသောဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း(၅၀၉) ဧက အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး စိုက်ခင်းလုပ်ငန်းများနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားခဲ့ပါသည်။

date: 
Monday, March 4, 2024 - 09:30