ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြခန်းပါဝင်ပြသရောင်းချ

(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်)ကို နေပြည်တော်ရင်ပြင်၌ ဖေဖော်ဝါရီ(၈) ရက်မှ (၁၃) ရက်နေ့အထိ ခြောက်ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ပြခန်းပါဝင်ပြသလျှက်ရှိသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြခန်းတွင် ဝန်ကြီးဌာနအောက်ရှိ လုပ်ငန်း/ဋ္ဌာနများဖြစ်သည့် သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သတ္တုတွင်းဦးစီးဌာန၊ အမှတ်(၁) သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းတို့နှင့် ရန်ကုန်၊ မန္တလေး၊ ပဲခူးတို့မှ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း၊ ကုမ္ပဏီ(၁၂)ခု တို့မှသစ်ဝါးအချောထည်၊ ပရိဘောဂအချောထည်၊ အခြားသစ်တော ထွက်ပစ္စည်းများနှင့် ကျောက်မျက်ရတနာထုတ်ကုန်ပစ္စည်းများကိုပြသရောင်းချလျှက်ရှိပြီး ဝယ်ယူကြည့် ရှုသူများနှင့်စည်ကားလျက်ရှိကြောင်းသတင်းရရှိသည်။

date: 
Tuesday, February 10, 2026 - 11:00