၂-၂-၂၀၂၆ ရက်နေ့မှ ၈-၂-၂၀၂၆ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၉.၉၁၅၈)တန်၊ သစ်မာ (၁၉.၆၁၂၆)တန်၊ အခြား (၁၇၇.၅၈၁၆)တန်၊ စုစုပေါင်း (၂၄၇.၁၁၀၀)တန်၊ ယာဉ်/ယန္တရား (၅)စီး၊ တရားခံ (၁၁)ဦး ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၄-၂-၂၀၂၆ ရက်နေ့တွင် နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်ကိုင်းဘိနယ်၊ သစ်ဆိမ့်ပင်ကျေးရွာတောင်ဘက်၊ ဦးထွန်းမြင့်၏ နေအိမ်ခြံဝင်း/ ပေါင်းလောင်းချောင်းစပ်/ ဦးဆန်းမြင့်၏ နေအိမ်ခြံဝင်း/ ဦးကျော်ဌေး၏နေအိမ်ခြံဝင်း/ သစ်ဆိမ့်ပင်-ချင်းစု သွားကျေးရွာချင်းဆက်လမ်း၊ ပေါင်းလောင်းချောင်းအတွင်း/ နေပြည်တော်-ခရိုင်ချင်းဆက်လမ်း၊ ဆည်တိုကျေးရွာ အနောက်မြောက်ဘက်နှင့် ဇီးတောအတွင်း/ တောင်ခြေလမ်းကြား/ ကြွက်တော ကျေးရွာအနီး နေရာများမှ တရားမဝင် ကျွန်း/ကညင်/မျောက်ငို/သစ်ယား သစ်လုံး/ ခွဲသား/သစ်ခြမ်း/ဖရုံစိပ်/လုံးပတ်(၃)ပေအာက်သစ် စုစုပေါင်း (၁၁၉၀) လုံး/ ခြမ်း/ ချောင်း/စိပ် (၁၀၇.၁၇၄၂)တန်၊ မော်တော်ယာဉ် (၂)စီး၊ ဒိုဇာယာဉ် (၁)စီး၊ တရားခံ (၄)ဦး၊ အင်ဂျင် (၂)လုံး ဖမ်းဆီးရမိခဲ့ပါသည်။


