၉-၂-၂၀၂၆ ရက်နေ့မှ ၁၅-၂-၂၀၂၆ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၇၀.၆၃၈၆)တန်၊ သစ်မာ (၁၂.၃၆၅၄)တန်၊ အခြား (၉၂.၈၃၃၈)တန်၊ စုစုပေါင်း (၁၇၅.၈၃၇၈)တန်၊ ယာဉ်/ယန္တရား (၄)စီး၊ တရားခံ (၁၉)ဦး ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၉-၂-၂၀၂၆ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်ဘိနယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၁၂၇/၀)မိုင်၊ လမ်းအနောက်ဘက် (၄)ဖာလုံခန့်အကွာ တောစပ်အနီးမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး ခွဲသား/လုံးပတ်(၃)ပေအာက်သစ် စုစုပေါင်း (၅၄၁)ချောင်း/လုံး (၆၂.၉၄၆၈)တန်၊ မော်တော်ယာဉ် (၁)စီး၊ တရားခံ (၁၂)ဦး၊ ဖမ်းဆီးရမိခဲ့ပါသည်။

date:
Thursday, February 19, 2026 - 14:45
