သစ်တောဦးစီးဌာန၊(၁၀/၂၀၂၅-၂၀၂၆)ကြိမ်မြောက် တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
သစ်တောဦးစီးဌာန၏ (၁၀/၂၀၂၅-၂၀၂၆)ကြိမ်မြောက် ဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၂၀-၂-၂၀၂၆)ရက် သောကြာနေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပရာ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦး တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်ရုံးဌာနခွဲများမှ ညွှန်ကြားရေးမှူး များနှင့် ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် တာဝန်ခံများမှ online စနစ်ဖြင့်တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ယခင် (၃)လပတ်များတွင် ဆောင်ရွက်ခဲ့သည့် ဌာန၏လုပ်ငန်းများနှင့်ပတ်သက်၍ အမှာစကားပြောကြား ပြီးနောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်/တိုင်းဒေသကြီး/ပြည်နယ် သက်ဆိုင်ရာတာဝန်ခံ အသီးသီးက ယခု (၃)လပတ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ကုန်အထိ ဆက်လက်ဆောင်ရွက်မည့် အစီအမံများရှင်းလင်းတင်ပြရာ တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။
