AFoCO RETC သင်တန်းကျောင်း၏ ၂၀၂၆ ခုနှစ်၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ခြင်း အစီအစဉ်မှ “မီးဘေးကာကွယ်ရေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း”

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်း သင်တန်းကျောင်းသည် AFoCO အဖွဲ့ဝင်နိုင်ငံများမှ သင်တန်းသားများ ဖိတ် ကြား၍ ကာလတိုပုံမှန်သင်တန်း၊ မျိုးဆက်သစ် လူငယ်များအား သစ်တောနှင့် ပတ်ဝန်းကျင် ထိန်း သိမ်းရေးဆိုင်ရာ အသိပညာမျှဝေသည့် အစီအစဉ်များ၊ ဒေသခံ ပြည်သူများအတွက် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး သင်တန်းအစီအစဉ်များ ကိုလည်း နှစ်စဉ်ဆောင်ရွက် ကျင်းပလျက် ရှိသည့် အပြင် သင်တန်းကျောင်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်သည့် သင်တန်းအစီအစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ အာရှဒေသအဆင့် သစ်တောကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း (AFoCO RETC) ၌ (၂၀-၂-၂၀၂၆) ရက်နေ့တွင် “မီးဘေးကာကွယ်ရေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း” သင်တန်းအစီအစဉ် ကျင်းပခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါသင်တန်းသည် ပူပြင်းခြောက်သွေ့သော နွေရာသီတွင် သင်တန်းကျောင်း ဝန်ထမ်း များ အနေဖြင့် စီမံကိန်းသင်တန်းကျောင်းနှင့် ဝန်ထမ်းအိမ်ရာများအား မီးဘေးလုံခြုံရေးနှင့် ကြိုတင် ကာကွယ်နိုင်စေရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းစဉ်များအား လေ့ကျင့်ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါအစီအစဉ်သို့ AFOCO RETC သင်တန်းကျောင်းမှ ဝန်ထမ်း(၂၇)ဦး၊ CFDTC(မှော်ဘီ) မှ လက်ထောက်ညွှန်ကြားရေးမှူး၊ မှော်ဘီမြို့နယ် သစ်တောဦးစီး ဌာနမှ ဦးစီးအရာရှိနှင့် FRI (စခန်းအမှတ်-၉)မှ ဝန်ထမ်း(၆)ဦး၊ စုစုပေါင်း(၃၅)ဦး တက်ရောက်ခဲ့ကာ သင်တန်းဆရာများအဖြစ် ဦးသန်းထိုက်(ဒု-မီးသတ်ဦးစီးမှူး၊ မီးသတ်ဦးစီးဌာန၊ မှော်ဘီမြို့)၊ ဦးသန့်ဇင်ဦး(လက်ထောက် မီးသတ်ဦးစီးမှူး)၊ ဦးချမ်းလင်းဦး(လက်ထောက် မီးသတ်ဦးစီးမှူး)၊ ဦးဇော်ဌေးထွန်း (တပ်ကြပ်ကြီး)၊ ဦးကျော်မင်းသန့်(တပ်ကြပ်ကြီး)၊ ဦးဖြိုးဝေကို(တပ်သား) တို့မှ စာတွေ့၊ လက်တွေ့ ပို့ချပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

date: 
Saturday, February 21, 2026 - 16:00