မြန်မာနိုင်ငံသစ်တောကျောင်း၊ အခြေခံသစ်တောပညာသင်တန်း အမှတ်စဉ်(၁၂ဝ) အရည်အချင်း စစ်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံသစ်တောကျောင်း၊ အခြေခံသစ်တောပညာသင်တန်းအမှတ်စဉ်(၁၂၀) အရည်အချင်းစစ် စာမေးပွဲကျင်းပခြင်းနှင့်စပ်လျဉ်း၍ စာစစ်ဌာနများအား ရှင်းလင်းပြောကြားခြင်း အစီအစဉ်ကို ၂၄-၂-၂၀၂၆ ရက်နေ့ ညနေ(၁၆:၃၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ Zoom Platform ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး စာစစ်ဌာန(၁၇)ခုရှိ စာစစ်ဌာနကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးဖေချစ်က စာစစ်ဌာနကြီးကြပ်ရေးကော်မတီများ၏ လုပ်ငန်း တာဝန်များအား လမ်းညွှန်မှာကြားခဲ့ပြီး သင်တန်းဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲ ကျင်းပရာ တွင် အသုံးပြုမည့်ပုံစံများ၊ ဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်းပြောကြားပြီးနောက်၊ လေ့ကျင့်ရေးနှင့် သုတေသနဖွံ့ဖြိုးရေးဌာနခွဲ ညွှန်ကြားရေးမှူးက စာစစ်ဌာနများအလိုက် ကြီးကြပ်ရေးကော်မတီများ ဖွဲ့စည်းထားရှိမှုအားလည်းကောင်း၊ မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျောင်းအုပ်ကြီးက စာစစ်ဌာနများဖြည့်သွင်းဆောင်ရွက်ရမည့် ပူးတွဲပုံစံများအားလည်း ကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ပြီး စာစစ်ဌာနကြီးကြပ်ရေးကော်မတီများက သိလိုသည်များကို မေးမြန်းခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြား ပြီး အစည်းအဝေးကို ညနေ (၁၈:၀၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

date: 
Tuesday, February 24, 2026 - 20:45