၄-၃-၂၀၂၄ ရက်နေ့မှ ၁၀-၃-၂၀၂၄ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၄.၁၆၃၀)တန်၊ သစ်မာ (၂၄.၅၄၇၃)တန်၊ အခြား (၁၁၄.၂၃၅၁)တန်၊ စုစုပေါင်း (၁၆၂.၉၄၅၄)တန်၊ ယာဉ်/ ယန္တရား (၆)စီး၊ တရားခံ (၁၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၅-၃-၂၀၂၄ ရက်နေ့၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်ကိုင်းဘိနယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အရှေ့ တောင်ဘက် (၁)မိုင်ခန့်အကွာ နေရာနှင့် လယ်ကွင်းစပ်နေရာ/ မြန်မာ့သစ်လုပ်ငန်း သစ်တိုက်လမ်းကြောင်းဘေး/ လှည်းကန်ယာယီသစ်ဆိပ်အနီး/ သကြားစင်းအိုးကျေး ရွာ အရှေ့ဘက် (၁)မိုင်ခန့်အကွာ နေရာတို့မှ တရားမဝင် သစ်ယား/ မျောက်ငို/ စကားဝါ/ ကညင် သစ်လုံး/ ခွဲသား/ ခွဲခြမ်း စုစုပေါင်း (၁၁၁)လုံး/ ချောင်း/ ခြမ်း (၄၁.၂၁၀၄)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Wednesday, March 13, 2024 - 16:15