ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ သစ်တောဦးစီးဌာန၊ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ(မြို့နယ်အဆင့်)
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ သစ်တောဦးစီးဌာနက ကြီးမှူး၍ (၂၂-၂-၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်၊ ကွန်ဟိန်းမြို့နယ်၊ စိုင်းမွန် ကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်း၌ "သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး နှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ " ကျင်းပပြုလုပ်ခဲ့ရာ ကွန်ဟိန်း မြို့နယ်၊ မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်ဇာလင်းက" သစ်တောထိန်း သိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး" သိကောင်းစရာများကို ဆွေးနွေးဟောပြောခဲ့ပါ ကြောင်း၊
ကွန်ဟိန်းမြို့နယ်၊ မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုးလင်းကျော်က "မီးခိုးမြူငွေ့ လျော့ချရေး"တွင် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် အကြောင်းအရာများ ကို အသိပညာပေးဟောပြောခဲ့ရာ ဓမ္မဆရာ ဦးအားခူဘီးက တက်ရောက်လာသူ ဒေသခံ ပြည်သူများအား လားဟူ/ပလောင်ဝ်ဘာသာစကားပြန်၍ ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပါ ကြောင်းနှင့် ဒေသခံများမှ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ဆွေးနွေးဟောပြောသူများမှ ပြန်လည်ဖြေကြားခဲ့ပြီး (၁၄:၃၀) နာရီချိန်တွင် ပြီးစီးခဲ့ပါသည်။ ဟောပြောပွဲသို့ ဌာနဆိုင်ရာ ဝန်ထမ်း(၃)ဦး၊ သစ်တောဦးစီးဌာနဝန်ထမ်း(၄)ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူ (၅၂)ဦး စုစုပေါင်း (၅၉) ဦး တက်ရောက်ခဲ့ပါကြောင်း တင်ပြအပ်ပါသည်။ ၎င်းနောက်မီးခိုးမြူငွေ့ နှင့် ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင် (၆၀)စောင်အား ဖြန့်ဝေခဲ့ပါကြောင်း တင်ပြအပ်ပါသည်။




