ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး နှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရေဖြူကျေးရွာအုပ်စု၊ ညောင်သုံးပင်ကျေးရွာ ရှိ ဘုန်းတော်ကြီးကျောင်းတွင် (၂၂.၂.၂၀၂၆)ရက်နေ့၊ (၁၁:၃၀) နာရီအချိန်တွင် “သစ်တောထိန်း သိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြော ပွဲ” ကျင်းပခဲ့ရာ ထန်းတပင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးပါ သစ်တော ဝန်ထမ်း(၁၀)ဦး၊ မြန်မာနိုင်ငံမြို့နယ်မီးသတ်တပ်ဖွဲ့မှ(၂)ဦး၊ မြို့နယ်အမျိုးသမီး ရေးရာမှ(၅)ဦး နှင့် ညောင်သုံးပင်ကျေးရွာမှ အမျိူးသား(၃၀)ဦး အမျိုးသမီး(၃၂)ဦး၊ စုစုပေါင်းအမျိုးသား(၄၂)ဦး၊ အမျိုးသမီး (၃၇)ဦး၊ စုစုပေါင်း(၇၉)ဦးတို့ တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာန၊ ထန်းတပင်မြို့နယ်၊ မြို့နယ်ဦးစီးဌာနမှူး ဦးနိုင်လင်းထွန်းမှ သစ်တောသစ်ပင်များအကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ အကြောင်း၊သစ်တောများကပေးစွမ်းနိုင်သည့်ဂေဟစနစ်ဆိုင်ရာအကျိုးကျေးဇူးများ၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးတွင် သစ်တောများ၏အရေးပါမှု၊ အကျိုးကျေးဇူးများနှင့် မီးခိုးမြူငွေ့ လျော့ချရေးအတွက် Fire Hotspots များ လျော့နည်းကျဆင်းအောင် ပတ်ဝန်းကျင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် နေမှုများအကြောင်းနှင့် တောမီးရှို့ခြင်း၊ လယ်ယာများမီးရှို့ခြင်းများ မပြု လုပ်ရန်၊ မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ သစ်တောများထိန်းသိန်းရေးအကြောင်းနှင့် သစ်တောမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်းတို့ကို တက်ရောက်လာကြသည့် ကျေးရွာနေ ပြည်သူများကို အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက် ခဲ့ပါကြောင်း သိရှိရသည်။

date: 
Thursday, February 26, 2026 - 21:00