လွိုင်လင်မြို့နယ်၊ နောင်ဟူးကျေးရွာအုပ်စု၊ ပန်ဝိုးကျေးရွာ၌ သစ်တောသစ်ပင်ထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေး ဟောပြောပွဲကျင်းပ

၂၂-၂-၂၀၂၆ ရက်နေ့တွင် သစ်တောသစ်ပင်ထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေး အသိပညာပေးဟောပြောပွဲအား လွိုင်လင်မြို့နယ်၊ နောင်ဟူးကျေးရွာအုပ်စု၊ ပန်ဝိုးကျေးရွာ ရှိ ပန်ဝိုးဘုန်းတော်ကြီးကျောင်းဝန်း ခန့်မှန်းမြေပုံညွှန်း(47QLD-477123)နေရာတွင် ကျင်းပခဲ့ရာ ဦးစီးအရာရှိ ဦးမောင်မျိုးမှ မီးခိုးမြူငွေ့လျှော့ချရေးနှင့်သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး ဆိုင်ရာခေါင်းစဉ်ဖြင့်ဟောပြောခြင်း၊ နယ်မြေတာဝန်ခံတောအုပ်ကြီးဦးဆန်းမင်းစိုးမှ သစ်တောထိန်း သိမ်းရေးနှင့် တောမီးကာကွယ်ရေးခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ ဘိနယ်တာဝန်ခံ တောအုပ် ဦးအောင်အောင်မှ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောဆိုင်ရာခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြော ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
တက်ရောက်လာသူ ဒေသခံတိုင်းရင်းသားများအား မမြင်နိုင်သော လူသတ်သမားပညာပေး video click ၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ video click ၊ တောင်ကိုရီးယားနိုင်ငံ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းဆိုင်ရာ video click များကိုပြသ၍ ဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ဒေသခံတိုင်ရင်းသား အမျိုးသား(၃၁)ဦး အမျိုးသမီး(၃၄)ဦးနှင့် ပန်ဝိုးကျေးရွာ အလယ် တန်းကျောင်းမှ ကျောင်းသားကျောင်းသူ (၂၇)ဦး စုစုပေါင်း(၉၂)ဦးတက်ရောက်ခဲ့ပြီး ဟောပြောပွဲအား နံနက်(၁၀:၁၅)နာရီတွင် စတင်ခဲ့ပြီး (၁၂:၂၅)နာရီတွင် အောင်မြင်စွာဆွေးနွေး ဟောပြောခဲ့ပါကြောင်း သိရှိရသည်။

date: 
Friday, February 27, 2026 - 09:30