ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံမြို့နယ်၊ လွယ်တန့် ကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်း၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတ ထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ သစ်တော ဦးစီးဌာနကကြီးမှူး၍ (၂၄-၂-၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်၊ ဟိုပုံးမြို့နယ်၊ လွယ် တန့်ကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်း၌ "သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်း သိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ " ကျင်းပပြုလုပ်ခဲ့ရာ ဟိုပုံးမြို့နယ်၊ မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ-ဦးဇော်လှိုင်ဆွေက" သစ်တော ထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး" သိကောင်းစရာများကို ဆွေးနွေးဟောပြော ပါသည်။
ဟိုပုံးမြို့နယ်၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ-ဦးကျော်မင်းဦးက "မီးခိုး မြူငွေ့လျော့ချရေး"တွင် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် အကြောင်း အရာများကို အသိပညာပေးဟောပြောခြင်း၊ လွယ်တန့်ဒေသခံပြည်သူ - ဦးသူရထွန်းနိုင်မှ တက်ရောက်လာသူ ဒေသခံပြည်သူများအား ပအိုဝ်းဘာသာစကားပြန်၍ ထပ်ဆင့်ရှင်းလင်းပြော ကြားခဲ့ပါကြောင်းနှင့် ဒေသခံများမှ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ဆွေးနွေးဟောပြောသူ များမှ ပြန်လည်ဖြေကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များအား ဒေသခံပြည်သူများ သို့ဖြန့်ဝေပေးအပ်ခဲ့ပါသည်။ ဟောပြောပွဲသို့ ကျား - ဒေသခံ(၁၃)ဦး၊ ဌာနဆိုင်ရာ ဝန်ထမ်း(၈)ဦး၊ ပေါင်း (၂၁)ဦး နှင့် မ- ဒေသခံ(၄၃)ဦး၊ ဌာနဆိုင်ရာဝန်ထမ်း(၂)ဦး၊ ပေါင်း(၄၅)ဦး၊ စုစုပေါင်း(၆၆)ဦး တက်ရောက်ခဲ့ပါကြောင်း တင်ပြအပ်ပါသည်။

date: 
Friday, February 27, 2026 - 13:45