ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ကညင်ပင်ကျေးရွာ၊ ဘုန်းကြီးကျောင်း၌ သစ်တော ထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟော ပြောပွဲ ကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ကညင်ပင်ကျေးရွာ၊ ဘုန်းကြီးကျောင်း ၌(၂၅-၂-၂၆) ရက်နေ့၊ (၀၈:၀၀) အချိန်တွင် “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ” ကျင်းပရာ ကျေးရွာအုပ်ချုပ်ရေးမှူး (၁)ဦး၊ ကျေးရွာတောင်သူ ကျား(၁၈)ဦး၊ မ(၁၄)ဦး၊ စုစုပေါင်း(၃၃)ဦး၊ ကွမ်းခြံကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ် ဦးအောင်စိုးပါ သစ်တောဝန်ထမ်း(၆)ဦး၊ စုစုပေါင်း(၃၉)ဦး တက်ရောက်ခဲ့ပါသည်။
ဆွေးနွေး‌ဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ် ဦးအောင်စိုးက သစ်တောများကပေးစွမ်းနိုင် သောအကျိုးကျေးဇူးများ၊ မြန်မာနိုင်ငံသစ်တောဖုံး လွှမ်းမှုပြောင်းလဲလာခြင်းနှင့် ပြောင်းလဲမှုအကြောင်းရင်းများ၊ သစ်တောများပြန်လည်တည် ထောင်ရေး စီမံကိန်းလုပ်ငန်းများအကြောင်း၊ မီးခိုးမြူငွေ့များဖြစ်ပေါ်စေသည့် တောမီး‌လောင် ကျွမ်းမှုများ၊ ရိုးပြတ်များ၊ အမှိုက်များမီးရှို့၍ ဖြစ်ပေါ်လာရသည့် Fire Hotspots များ၊ ရိုးပြတ် များ၊ အမှိုက်များအား မီးမရှိုဘဲ သဘာဝမြေဩဇာပြုလုပ်ခြင်းများ၊ ရိုးပြတ်များကို ထိမ်းချုပ် စနစ်ဖြင့် မီးရှို့ခြင်းများ၊ လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်တောထိန်းသိမ်းရေး၊ သီးနှံသစ်တောရောနှောစိုက်ပျိုးရေး မီးဘေးလုံခြုံရေးဆိုင်ရာ အကြောင်းများ ဆွေးနွေးဟောပြောခဲ့ပါကြောင်း သိရှိရသည်။

date: 
Friday, February 27, 2026 - 14:00